နောင်ချိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

နောင်ချို ဇွန် ၈   

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၆ ရက် နေ့မှ စတင်ထုတ်ချေးပေးခဲ့ပြီး ယနေ့ထိ ကျေးရွာအုပ်စု (၈) အုပ်စုသို့ ငွေကျပ် (၅၇၈၀၀,၀၀၀/) သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နောင်ချိုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၈ အုပ်စုသို့ ငွေကျပ်သိန်း (၁၂၀၀၀/) ကျော်ကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

ထွေးငယ်၊ ပြန်/ဆက်