အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၉၅၁) ဦး ပညာသင်ကြား

အမ်း ဇွန် ၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်လှစ်သည့်ရက်မှ ယနေ့ထိ ကျောင်းသား/သူပေါင်း (၁၈၉၅၁) ဦး တက်ရောက်ပြီး ပညာသင်ကြားလျက်ရှိကြသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အမ်းမြို့နယ်၌  အခြေခံပညာ အထက (၁၁) ကျောင်း၊ အထကခွဲ (၁၁) ကျောင်း၊ အလက (၂၇) ကျောင်း၊ အလကခွဲ(၂၈) ကျောင်း၊ မူလွန် (၃၅)ကျောင်း၊ အမက (၆၅) ကျောင်းနှင့် အမကခွဲ (၄၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း စုစုပေါင်း  (၂၂၃)ကျောင်း  ဖွင့်လှစ်ကာ ပညာသင်ကြား လျက်ရှိပြီး ယနေ့ထိ ကျောင်းသား/ ကျောင်းသူ (၁၈၉၅၁) ဦး  အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ကျောင်းလုံခြုံရေး နှင့် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းထွန်း