နေပြည်တော် ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်ဆွေဆွေမိုးက အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်သန်းက ငါးသယံဇာတထိန်းသိမ်းခြင်းရဲ့ ရည်ရွယ်ချက်များ၊ ငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများ၊ ငါးမျိူးစိုက်ထည့်ရာတွင် လိုက်နာရမည့်အခြေခံအချက် များ၊ စုပ်ခွက်ငါး အကြောင်းသိကောင်းစရာများနှင့် ဥတ္တရခရိုင်အတွင်း ငါးမျိုးစိုက်ထည့်ပေး နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)