ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား  ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ        ဇွန်     ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်  ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းဝတ်စုံ များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး  ဦးရဲနိုင်က ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အေးချမ်းပျော်ရွှင်စွာ ပညာကြိုးစားသင်ယူကြရန်  အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးရှိ ဝန်ထမ်းသား၊ သမီးများအတွက် ပညာသင်ထောက်ပံ့ကြေး ကို တက္ကသိုလ်အဆင့် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် (၂)ဦး၊ အထက်တန်းအဆင့် တစ်ဦးလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် (၁)ဦး၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (၆)ဦး၊  မူလတန်းအဆင့် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် (၄)ဦး၊ မူကြိုအဆင့် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် (၄)ဦး စုစုပေါင်းငွေကျပ် ၃၀၅၀၀၀ နှင့် ကျောင်းဝတ်စုံများကို ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်လှိုင်ဝင်းနှင့် အဖွဲ့ဝင် များက တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)