မြစ်သားမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲကျင်းပ

မြစ်သား  ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဌောဘုရားဝန်းဓမ္မာရုံအပေါ်ထပ်၌  ယနေ့ နေ့လယ် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲတွင် မြစ်သားမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ  (အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း)တို့တွင် စာရင်းပေးသွင်းထားသည့် သံဃာအပါး(၄၆)ပါးရှိသည့်အနက်မှ သံဃာ(၃၅)ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် မြစ်သားမြို့နယ် တွင် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန် နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲသို့ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက် အားပေးကြည့်ရှုပူဇော်ခဲ့ကြပြီး စာဖြေသံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း  သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)