ဂွ ဇွန် ၇
ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်တွင်၂၀၂၁.ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဂွမြို့သိမ်ကုန်း စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဂွမြို့နယ်အတွင်းရှ ိကျောင်းတိုက် အသီးသီးမှ စာဖြေသံဃာများ ဝင်ရောက်ဖြေဆိုခဲ့ကြရာ စာရင်းရှိ စာဖြေသံဃာတော်(၃၃)ပါးအနက်မှ ယနေ့တွင် (၁၇) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ စာဖြေသံဃာများမှာ ပထမကြီးတန်းတွင် (၂)ပါး၊ ပထမလတ်တန်းတွင် (၃)ပါး၊ ပထမငယ်တန်းတွင် (၄)ပါးနှင့် အခြေပြုမူလတန်းတွင် (၈) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်စာဖြေသံဃာ (၁၆) ပါးရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များနှင့် ကြီးကြပ်သံဃာတော်များ ဆွမ်း၊ ကွမ်းနှင့် အချိုပွဲများအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ လှူဒါန်းသည့် အလှူငွေ ခုနစ်သိန်း ငါးသောင်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်သံဃနာယကဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ပါအစိုးရ ဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်း