ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ 

ပုဏ္ဏားကျွန်း ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့နယ်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ၊ ယနေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ၊ စစ်ဆေးလျက်ရှိရာ ရဟန်းသံဃာ (၃၀) ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ 

ထိုသို့ဖြေဆိုရာတွင် မြို့နယ်သံဃာနယက ဆရာတော်ကြီးများကြီးကြပ်၍ စာမေးပွဲဖြေဆိုခွင့် ရဟန်းသံဃာ ၃၈ ပါး စာရင်းသွင်းထားပြီး၊ ၃၀ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။    အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုရမည့် ရဟန်းသံဃာတော်များသည် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို ဖြေဆိုကြမည်ဖြစ်ရာ ပထမကြီးတန်းတွင် ၄ ပါး၊ ပထမလတ်တန်းတွင် ၇ ပါး၊ ပထမငယ်တန်းတွင် ၉ ပါး၊ အခြေပြုမူလတန်းတွင် ၁၀ ပါး အသီးသီးဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပထမပြန်စာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ၊ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

နီထွန်းအောင်