ဝိုင်းမော်မြို့ပေါ် လူစည်ကားသော နေရာများတွင် နှာခေါင်းစည်း (mask) များအခမဲ့ဖြန့်ဝေ

ဝိုင်းမော် ဇွန် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌‌မော်မြို့နယ်တွင် ကိုဗစ် - ၁၉ လူနာ ငါးဦးပိုးတွေ့ရှိရသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ဝိုင်းမော်မြို့ပေါ် လူစည်ကားသော နေရာများဖြစ်သည့် မြို့မစျေး၊ လ္ဘက်ရည်ဆိုင်များ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးနှင့် လမ်းဆုံ မီးပွိုင့်တို့တွင် နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန့်နေ့ နံနက် (၈) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦး ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊မြို့နယ်မိခင်နှင့် ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာမွန် ဦးဆောင်သည့်အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကြက်ခြေနီ၊ မြို့ပေါ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ လပြည့် ဝန်းလူမှုကူညီရေးအသင်းတို့ ပါဝင်သည့် စုပေါင်းအင်အား(၅၀) ဦးခန့်တို့ ပူးပေါင်း၍ ဝိုင်းမော်မြို့မ စျေးအတွင်းရှိစျေးရောင်းသူနှင့် စျေးဝယ်လာသူများ၊ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask)များ အခမဲ့ ဖြန့်ဝေ ပေးခြင်း၊ ကိုစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်း စည်းများတပ်ဆင်သွားလာကြရန် အသိပညာ ပေးပြောကြား ခဲ့ကြောင်း သိရသည်။

ခိုင်သက်မွန်