သန်လျင် သြဂုတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် သန်လျင်နာရေး ကူညီမှုအသင်း မေတ္တာရှင်သွေးလှူ အဖွဲ့ မှ ဦးဆောင်မှုဖြင့် ပေးဆပ်သူတို့နှလုံးသားသွေးလှူရှင်အဖွဲ့နှင့် စေတနာရှင် သွေးလှူရှင်များ စုပေါင်း၍ သင့်သွေးဖြင့်ကူညီ ကယ်တင်နိုင်ရေး (၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် သန်လျင်နာရေးကူညီမှုအသင်း မေတ္တာရှင်သွေးလှူအဖွဲ့မှသွေးလှူရှင် (တာဝန်ခံ) ဦးတင့်အောင်နှင့် မေတ္တာရှင် သွေးလှူအဖွဲ့များ၊ ကျောက်တန်းမြို့နယ် ကိုမင်းမင်းဦး ဦဆောင်သော ပေးဆပ်သူတို့နှလုံးသား သွေးလှူရှင်အဖွဲ့များနှင့် စေတနာရှင်သွေးလှူရှင်များ စုစုပေါင်း ၆၀ ကျော်တို့က အရေးပေါ်သွေးလိုအပ်သူမျာအတွက် သင့်သွေးဖြင့်ကူညီကယ်တင် နိုင်ရေး စုပေါင်းသွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပရဟိတသွေးလှူရှင်များနှင့် စေတနာရှင်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ သန်လျင်မြို့ အထွေထွေ ရောဂါ ကု ဆေးရုံကြီးမှ တာဝန်ရှိသူများက ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ သွေးလှူဒါန်းနေမှုများအား လှည့်လည် ကြည့်ရှုအားပေးစကားပြောကြားကာလိုအပ်သည်များ ကူညီပေးခဲ့ပြီး သွေးလှူရှင်များအား အလှူရှင်များက သွေးအားတိုးဆေး များ၊ ကြက်ဥများနှင့်ရေသန့်ဗူးများကို ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)