လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုံများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း ယမန်နေ့ နံနက်(၉)နာရီက စက်မှုဇုံများ ဓါတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေ ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

မိုးရာသီကာလ ပြည်သူများ၊ ဓာတ်အားလိုင်းပြတ်တောက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရေး လေပြင်း တိုက်ခတ်ခြင်းကြောင့် သစ်ပင်ပြိုလဲအန္တရာယ်များ မဖြစ်စေရေးနှင့် 33KV စက်မှုဇုံများ ဓါတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက်   စက်မှုဇုံ(1) (2)ဖီဒါအား မြောက်ပိုင်းခရိုင်မှ ကြီးကြပ်၍ လှိုင်သာယာအရှေ့ပိုင်း/ အနောက် ပိုင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESC လိုင်းဝန်ထမ်းများနှင့် ပန်းဥယျာဉ်ဌာနတို့မှ ပူးပေါင်း၍ ကရိန်း(3)စီး၊ လူအင်အား (70) ဖြင့် မီးကြိုးနှင့် မလွတ်ကင်းသော သစ်ပင် ၊သစ်ကိုင်းများအား ခုတ်ထင်ရှင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)