နောင်တရားမြို့တွင် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

နောင်တရား    ဇွန်      

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ လွယ်ရိုးစေတီတော်ဇရပ်၌ ခေတ္တခိုလုံနေသည့် တိုက်ပွဲရှောင် ပြည်သူများအတွက် ယနေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နောင်တရားမြို့အတွင်း၌  ကယားပြည် နယ်မှ ခေတ္တခိုလုံနေသည့် တိုက်ပွဲရှောင်ပြည်သူများ အမှတ်(၁)ရပ်ကွက်တွင် (၆၀)ဦး၊ အမှတ်(၂) ရပ်ကွက်တွင် (၁၄)ဦး၊ အမှတ်(၃)ရပ်ကွက်တွင် (၁၀၄)ဦး၊ စုစုပေါင်း(၁၇၈)ဦးအတွက် တစ်ဦး လျှင်ငွေကျပ်(၂,၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၃၇၃,၈၀၀)ကျပ်ကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းနောင်တို့ မှ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်/ဆက်)