ဒလမြို့နယ်၌ လျှပ်စစ် လေပန်ကာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

 

ရန်ကုန် ဇွန်

ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဦးဥတ္တမ () လမ်း၌  ယနေ့ နံနက် နာရီ ၄၀ မိနစ် အချိန်က  လျှပ်စစ် လေပန်ကာ ဖွင့်ထားသော မီးပလက်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီး အရာရှိ ဦးဇော်ငြိမ်းအောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊  ဒလမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဝင်းနှင့်  တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ လိုက်ပါလာသည့် အုပ်ချုပ်မှု ယာဉ်တစ်စီး၊  မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ် ယာဉ်တစ်စီးတို့ ဖြင့် ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ ထိုသို့ မီးလောင်မှုမှာ နေအိမ်အတွင်းရှိ လေပန်ကာ ဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးပလက်ခုံလောင်ကျွမ်းရာမှ ပျဉ်ခင်းအား မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့်  အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိသော ပျဉ်ခင်း၊ သွပ်မိုး၊ သွပ်ကာ နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ မီးကူး စက်မှုမရှိကြောင်း၊  လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသူ အံ့ကြီးအနောက်ရပ်ကွက် ဦးဉတ္တမ() လမ်းနေ  ဦးသိန်းသန်းဦး အား အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ဒလမြို့မရဲစခန်းမှ သိရသည်။

နိုင်လင်းကျော်(IPRD)