သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

သာစည် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေများအား သိရှိနိုင်ရန် ချပြရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းခဲ့ရသည့် အကြောင်းအရင်း၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်းနှင့် ဆန္ဒပြမှုများ အဆင့်ဆင့်ပြောင်းလဲလာပုံ၊ လက်ရှိဖြစ်ပေါ်နေသော  အခြေအနေများအပေါ် သုံးသပ်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်း ခဲ့ကြောင်း သိရသည်။

အဆိုပါချပြရှင်းလင်းဆွေးနွေးရာသို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ ဒုတိယဦးစီးမှူးများနှင့်စာရေးဝန်ထမ်းများတက်ရောက်ကြောင်းသိရသည်။                                  

 မြို့နယ်ပြန်/ဆက်