ဘူးသီးတောင် ဇွန် ၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ဖွင့်လှစ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀) နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု၊ သင်ကြားပို့ချနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုပြီး Mask များ (အခမဲ့) ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask)များ၊ မျက်နှာဖုံးအကာ (Face Sheild) များ တပ်ဆင်စေပြီးဆရာ၊ ဆရာမများမှ သင်ခန်းစာဘာသာရပ်များအားသင် ကြားပို့ချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှပြီး တာဝန်ရှိသူများမှ Mask များ (အခမဲ့) ပေးအပ်ကာ ကျောင်းသားကျောင်းသူများ (ကိုယ်စား) အတန်းပိုင် ဆရာ/ဆရာမများမှ လက်ခံရယူခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၂၆) ကျောင်းရှိရာ ဇွန်လ (၁) ရက်နေ့မှ (၄) ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ (၃၅၉၂၀) ဦး တက်ရောက်သင်ယူလျက် ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)