စစ်တွေမြို့၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းဖွင့်လှစ်

 
စစ်တွေ ဇွန် ၄
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်သော စီမံကိန်းများ၏ ကျေးရွာကော်မတီဝင်များအား ခေါင်ဆောင်မှုဆိုင်ရာ အရည်အသွေး မြင့်မားလာ စေရန်ရည်ရွယ်၍ ကျေးရွာအဆင့်ခေါင်းဆောင်မှုနည်း ပြသင်တန်းကို ရခိုင်ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သည်။
ရှေးဦးစွာ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးလွင်က သင်တန်းဖွင့်အမှာ စကားပြောကြားသည်။ သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၆၇ ဦး တက်ရောက်ကြပြီး အဆိုပါသင်တန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဖွင့်လှစ်သင်ကြားခဲ့သည့် ဆရာဖြစ်သင်တန်း တက်ရောက်ပြီးသူများမှ ပြန်လည်ပို့ချ သွားမည်ဖြစ်ပြီး ကျေးရွာများတွင်လည်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး