မိုးနဲမြို့တွင် ရေစီးရေလာကောင်းမွန်ရေး အုတ်ရေမြောင်းတူးဖော်ခြင်းဆောင်ရွက်

မိုးနဲ   ဇွန်   

     ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ကံ့ကော် လမ်းဘေး ဝဲ/ယာ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်း တူးဖော်ပေးခြင်း ကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ လမ်းအဆင့်တိုးချဲ့ မြှင့်တင်ခြင်းထောက်ပံ့ရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

  အဆိုလမ်းလမ်းဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေမြောင်း အရှည် ၅၄၅ ပေ ရေမြောင်းနှစ်ခုကို အနက်နှစ်ပေ၊ အကျယ်နှစ်ပေ ‌ဆောင်ရွက်ခြင်းနှင့် လမ်းဖြတ် တံတား အရှည် ၁၅ ပေ၊ အနက်နှစ်ပေ တံတားနှစ်စင်းအပါအဝင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ငွေကျပ် (၄၁၃) သိန်း လမ်းအဆင့်မြှင့်တင် ခြင်းနှင့် လမ်းတိုးချဲ့ခြင်းရန်ပုံငွေမှကျခံကာ မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)