ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရောင်း/ဈေးဝယ်များအား mask များ ဖြန့်ဝေ

ခရမ်း ဇွန် ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရမ်းမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဈေးအတွင်းသို့  နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ‌ စစ်ဆေးခြင်းနှင့် ‌နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား‌ဈေးအတွင်းဝင် ရောက်ခွင့်မပြုဘဲ  mask တပ်ဆင်ပြီးမှသာ ဈေးအတွင်း ဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိပညာပေးခြင်းများကို ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ   ဦးသိန်းထူးနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင် များက ခရမ်းမြို့မဈေးကြီးအဝင်မှစ၍ ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ဈေးဝယ်များအား mask များ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)