ဒေါ့ဖုန်းယန်မြို့အတွင်း နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ် အရောက်ပေးအပ်

ဒေါ့ဖုန်းယန် သြဂုတ် ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး  ဦးခင်မောင်မြင့်() ဦးဒိတ်က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစိန်လင်းက ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော် တစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း တတိယအကြိမ် ထောက်ပံ့မှုအဖြစ် အမှန်တကယ် ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ပြည်သူအားလုံးက ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏   ညွှန်ကြားချက်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန် ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ  မြို့ပေါ်ရပ်ကွက် အမှတ်()()()နှင့် ဖာကေ၊ သိန်လုံ၊ တာဆိုင်၊ နားလုံ၊ တိန်းဘုရား၊ မံမော်၊ မံသဲ၊ အူထန်ယန်၊ မံပိန်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၀၀၂)စုအတွက် စုစုပေါင်း ငွေကျပ်သိန်း (၄၀၀၄၀၀၀၀)ကျပ်ကို မိဘပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြသက်(ပြန်/ဆက်)