မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားတွင် ကုန်စည်များသယ်ယူသည့် ယာဉ်မောင်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးသွားရောက်ထိုးနှံပေး

တာချီလိတ်   ဇွန်   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် ယမန်နေ့ မွန်းလွှဲ(၂)နာရီမှစတင်၍ ကုန်စည်ကူးသန်းပို့ဆောင်နေသည့် ထိုင်းဘက်ခြမ်းတွင်နေထိုင်သည့် မြန်မာယာဉ်မောင်းများအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံညှိုနှိုင်း ဆွေးနွေးပြီးမှတ်ပုံတင်ကတ်ရှိသူ တာချီလိတ်အိမ်ထောင်စုဇယားဖြင့် တာချီလိတ်မြို့တွင်နေထိုင်ကြောင်းမှန်ကန်သူ၊ မယ်ဆိုင်မြို့တွင်တရားဝင်နေထိုင်ကြောင်းမှန်ကန်သူ မြန်မာ နိုင်ငံသားယာဉ်မောင်းများကို မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုအခမဲ့ သွားရောက်ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှသိရှိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်နေထိုင်သည့် ယာဉ်မောင်း (၄၀၃)ဦးအား မြန်မာ- ထိုင်းချစ်ကြည်ရေး တံတား (၂)၏ မယ်ဆိုင်ဘက်အခြမ်းတွင် ကာကွယ်ဆေးကိုသွားရောက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်းတွင်နေထိုင်သည့် မော်တော်ယာဉ်မောင်းများကိုမူ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံ ပေးပြီးဖြစ်ကြောင်းသိရသည်။

ယာဆေး(ပြန်/ဆက်)