လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အခြေခံပညာကျောင်း များအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အားလုံးကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်သာယာ(အနောက်) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအဝင်နှင့် စာသင်ခန်းအဝင်တို့တွင် လက်ဆေးဘေစင်များ ထားရှိခြင်း၊ တစ်ဦးနှင့် တစ်ဦး လေးပေအကွာဖြင့် ပညာသင်ယူစေခြင်းတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက စီစဉ်ထားရှိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်)မြို့နယ်တွင် အထက်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(၃) အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်း‌ကျောင်းကျောင်း(၁၄)ကျောင်း၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်း (၁၁) ကျောင်း စုစုပေါင်း(၄၁)ကျောင်းတို့တွင် ကျောင်းအသီးသီးရှိ တာဝန်ကျ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြား ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကျောင်းတွင်း/ ကျောင်းပြင် ပတ်ဝန်းကျင်လုံခြုံမှုရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)