ပုသိမ်ကြီးမြို့နယ်တွင် ''အလင်းတံခါးပွင့်ချပ်လွှာများ'' ဆောင်းပါးပေါင်းချုပ် စာအုပ်များ စာကြည့်တိုက်များသို့လှူဒါန်း

ပုသိမ်ကြီး ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းဝင် ဆရာမခင်လေး (စာချစ်သူ) ရေးသားသည့် ''အလင်းတံခါး ပွင့်ချပ်လွှာများ'' ဆောင်းပါးပေါင်းချုပ် စာအုပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (၇) တိုက်၊ မြို့မစာကြည့်တိုက်၊ အလင်းရောင်၊ ဓမ္မအလင်းရောင်၊ မန္တလေး တောင်လူငယ်များ စာကြည့်တိုက်၊ ရတနာပျိုးခင်း၊ နန်းရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း၊ ရွှေဥဒေါင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဗြဟ္မစိုလ်၊ လင်းရောင်ခြည် စာကြည့်တိုက် တို့အား ဆက်လက် လှူဒါန်းသွားမည်ဖြစ်သည်။

စာရေးဆရာမ ခင်လေး(စာချစ်သူ) မှ မန္တလေးခရိုင်အတွင်းရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (၇)တိုက်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်များအသီးသီးလှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အုန်းချောကျေးရွာ အလင်းရောင်စာကြည့်တိုက်၊ မြို့မရပ်ကွက်ဓမ္မအလင်းရောင် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးလှရွှေတို့က လက်ခံရယူပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို