မလှိုင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက် ခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၁၁)ပါ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "သူစိမ်းမှ ချစ်မိတ်ဆွေဘဝ" ဆောင်းပါးအား စာဖတ်ဝိုင်း ဆောင်းပါးအဖြစ် ရွေးချယ်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် က "မင်္ဂလာတရားဆိုတာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဌေးက "မိတ်ဆွေကောင်းအင်္ဂါရပ်" အကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမျိုးဇော်ဇော်ထွန်း က "Facebookမှ လိုက်နာ ကျင့်သုံးသင့်သည့် အချက်များ" အကြောင်းကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဦးမောင်မောင်က "သိစရာတွေ" စသည့် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)