မုဒုံ ဇွန် ၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသည့်အစိုးရဓမ္မာ စရိယနှင့် ပါဠိ ပထမ ပြန် စာမေးပွဲကို ခရစ်နှစ်၂၀၂၁ခုနှစ်ဇွန်၁ရက်ယမန်နေ့မွန်းတည့်၁၂နာရီက မုဒုံမြို့နယ်သာသနာ့ ဗိမ္မာန်တော်၌ ကျင်းပ လျက်ရှိရာစာဖြေသံဃာနှင့်သီလရှင်(၁၁၄)ပါးဝင်ရောက်ဖြေဆိုသည်။
မုဒုံမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဒုတိယနေ့ပါရာဇိကကဏ္ဍပါဠိအဌကထာဖြေဆိုသည့်နေ့တွင် စာရင်း သွင်း သံဃာ (၁၃၄)ပါးအနက်သံဃာ(၉၇)ပါး၊သီလရှင်(၁၇)ပါးစုစုပေါင်း(၁၁၄)ပါးကြွရောက်ဖြေဆိုခဲ့ သည်။
အဆိုပါအစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်၁ရက်မှ ၁၃ရက်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်းမြို့နယ်သာသနာရေးမှူးထံမှသိရသည်။
စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင်ရွက် ပြီးမြို့နယ် သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ စာမေးပွဲကြီးကြပ်ရေး အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
