မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီမှ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား ဩဂုတ် ၉

ကချင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အံ့တော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက် ဉာဏဓဇ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မှုကြပြီး ပြည်နယ်ကြက်ခြေနီဉက္ကဌ ဦဘရန်ဒီး၊ ဒုတိယဉက္ကဌ ဦးမောင်ချင်း၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေ၊ ခရိုင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော် နာယူကြပြီး ပြည်နယ်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု(၃) ကြိမ် ရွတ်ဆို ပြီး  ဘုရားကန်တော့ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)