မိုးကောင်း သြဂုတ် ၉
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ မိုးကောင်းမြို့နယ် အတွင်း အောင်ချက် ( ၃၀ ဒသမ ၈၂) ရာခိုင်နှုန်းရှိကြောင်း မိုးကောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မိုးကောင်းမြို့နယ်အတွင်း ကျောင်းသား/သူ (၃၆၃၇) ဦးက ဝင်ရောက်ဖြေဆိုရာ ကျောင်းသား/သူ (၁၁၂၁) ဦးအောင်မြင်ပြီး (၅) ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊ (၃) ဘာသာ ဂုဏ်ထူးရရှိသူ (၁၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၄၈)ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၁၁၄)ဦးရှိသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာနများတွင်လည်း သြဂုတ်လ ၁၀ ရက်နေ့တွင် ကပ်ထားကြေညာ မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)