မန္တလေး ဇွန် ၂
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဓမ္မာစရိယစာမေးပွဲကို အမှတ်(၂)(ဎ-ခ) စာဖြေဌာနကို မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတိုက် ပထမထပ်တွင် ယမန်နေ့ နေ့လည်(၁၂)နာရီက ကျင်းပခဲ့ကျောင်း သိရှိရသည်။
မဟာအောင်မြေမြို့နယ် ဓမ္မာစရိယစာမေးပွဲကို အမှတ်(၂) (ဎ-ခ) စာဖြေဌာနတွင် ပါရာဇိက ကဏ္ဍပါဠိအဌကထာ ပထမနေ့တွင်ဖြေဆိုရန် စာရင်းရှိ သံဃာ (၈၁၀)ပါး၊ သီလရှင် (၆)ပါး လူပုဂ္ဂိုလ်(၁)ဦးရှိရာ သံဃာ (၁၆၂)ပါး၊ သီလရှင် (၁)ပါး၊ လူပုဂ္ဂိုလ် (၁)ဦး စုစုပေါင်း (၁၆၄)ပါး ဖြေဆိုခဲ့ကြသည်။
အမှတ်(၂) (ဎ-ခ) စာဖြေဌာနတွင် ဓမ္မာစရိယစာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ဇွန်လ (၁)ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဌကထာ(၁) ဇွန်လ(၂)ရက် နေ့တွင် ပါရာဇိကကဏ္ဍပါဠိ အဌကထာ (၂)၊ ဇွန်လ (၃)ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ (၁)၊ ဇွန်လ (၄)ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိ အဌကထာ (၂)၊ ဇွန်လ (၅)ရက်နေ့တွင် ဓမ္မသင်္ဂဏီပါဠိ အဌကထာ (၁)၊ ဇွန်လ (၅)ရက်နေ့တွင် ဓမ္မသင်္ဂဏီပါဠိအဌကထာ (၂) စသည့်ဘာသာရပ်တို့ကို နေ့စဉ် နေ့လည် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်