မြင်းခြံမြို့ အစိုးရဓမ္မာစရိယ စာမေးပွဲ စတင်ဖြေဆို

မြင်းခြံ ဇွန် ၂
 
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုး သာသနာ့ဗိမာန်တွင် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
 
အစိုးရဓမ္မာစရိယ စားမေးပွဲ ကျင်းပရာတွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ သံဃာတော် (၉၈) ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၄၇) ပါး၊ စားမေးပွဲဖြေသူစာရင်းရှိ သီလရှင် (၈) ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူ (၇) ပါး ရှိကြောင်း သိရသည်။ အစိုးရဓမ္မာစရိယ စာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့ထိ နေ့စဉ် မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီထိ ဖြေဆိုရမည်ဖြစ်သည်။
 
မြင်းခြံမြို့နယ် ပါဠိပထမပြန်စာမေးပွဲကိုလည်း ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ ထိကျင်းပသွားမည်ဖြစ်ပြီး စားမေးပွဲဖြေဆိုချိန် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
 
ကျော်စွာ(မြင်းခြံ)