ဇေယျာသီရိ ဇွန် ၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ယနေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ကျောင်းဝန်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှားခေါင်းစည်းများနှင့် မျက်နှာအကာများ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်ထားရှိပြီး မိဘဆရာအသင်း၊ ကျောင်းအကျိုး တော်ဆောင် ၊ လုံခြုံရေးရဲအရာရှိ ၊ တပ်မတော်မှ အရာရှိများ၊ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဇေယျာသီရိမြို့နယ်တွင် အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အလယ်တန်းကျောင်း(၄) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း(၃ဝ)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းအဆင့်သင် (၄)ကျောင်း စုစုပေါင်း (၆၃) ကျောင်းရှိပြီး အထက်တန်းအဆင့်တွင် ကျောင်းသား/သူ (၁၅၉၂) ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ (၅၄၂၉) ဦးနှင့် မူလတန်းအဆင့်တွင် ကျောင်းသား/သူ (၈၆၈၇) ဦး စုစုပေါင်း (၁၅၇၀၈) ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)