ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ကျင်းပ

ညောင်ရွှေ ဇွန် ၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာရပ်)ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကဘာသာရပ်ကို ညောင်ရွှေစာဖြေဌာနမှ သံဃာတော် (၁၄)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် တာဝန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဌာန ဝန်ထမ်းများမှ လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေသံဃာတော်များကို ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်