ရမည်းသင်း ဇွန် ၁
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီးတွင်၂၀၂၁ခုနှစ်အစိုးရ ဓမ္မာစရိယစာမေးပွဲကိုယနေ့မွန်းတည့်၁၂နာရီကစတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဓမ္မာစရိယစာမေးပွဲကိုဇွန် ၁ ရက် မှ၉ရက်နေ့ထိလည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲကိုဇွန် ၇ ရက် မှ၁၃ ရက်နေ့ထိလည်းကောင်း နေ့စဉ်မွန်းတည့် ၁၂နာရီမှ ညနေ၄နာရီထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် သာသနာ ရေးဦးစီးဌာနမှသိရသည်။
ရမည်းသင်းမြို့နယ်အတွင်းစာသင်တိုက်(၈)တိုက် မှဓမ္မာစရိယစာဖြေသံဃ(၅၀ )ပါးနှင့် သီလရှင်တစ်ပါး၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့်ပထမကြီးတန်း(၂၆)ပါး၊ ပထမလတ် တန်း (၂၉)ပါး၊ ပထမငယ်တန်း(၄၅)ပါးနှင့် အခြေပြုမူလတန်း စာဖြေသံဃာ (၈၀)ပါး စုစုပေါင်း(၂၃၀)ပါးနှင့် ဓမ္မာစရိယစာမေးပွဲတွင် သီလရှင်တစ်ပါး ဖြေဆိုကြောင်းမြို့နယ် သာသနာရေးဦးစီးဌာန၊တာဝန်ရှိသူကပြောသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း