ရန်ကုန် ဇွန် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကားအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအားလုံး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အရှိန်အဟုန် မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများ ဖြစ်သည် နှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက်သွားကြရန်၊ ကျောင်းဖွင့် ချိန်ရောက်ပြီဖြစ်သဖြင့် ကလေးများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်မံတိုးပွားမှုမဖြစ်လာစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ချမှတ်ထား သေရုံးလုံခြုံးရေးကိုနှင့်အညီ ဆောင်ရွက်ကြရန်၊ ယခုအချိန်တွင် နေရာအနှံ့အပြား ဗုံးပေါက်ကွဲမှုများရှိလာသဖြင့် ရုံးလုံခြုံရေးကို အဓိကထားပြီး ဆောင်ရွက်ကြရန်၊ ဒေါပုံမြို့နယ်၏ ဧရိယာနယ်နိမိတ်များသည် ရေမြောင်း၊ ချောင်းများ ဖြစ်သဖြင့် မိုးရာသီတွင် ရေစီးရေလာကောင်းမွန် စေရန်အတွက် ရေမြောင်းများကို ရှင်းလင်းဆယ်ယူကြရန်၊ လမ်းမီးတိုင်များ မီးလင်းမှုမရှိပါက အချိန်မီ ပြုပြင်ဆောင်ရွက်ကြရန် စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်စိုးဦးက ရပ်မိရပ်ဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက မြို့နယ်အတွင်းလက်ရှိ ဆောင်ရွက်နေကြသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ် များ တိုးတက်ကောင်းမွန်ရေးတို့အတွက်လည်းကောင်း၊ မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များအား အလေးထား ဆောင်ရွက် နေမှုများ အားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)