သာစည် ဇွန် ၁
မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်မှ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ ၂၅ ကျောင်း၊အခြေခံပညာမူလတန်းလွန်ကျောင်း ၂၆ ကျောင်းနှင့်အခြေခံပညာမူလတန်းကျောင်း ၁၁၇ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၁၀၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁ ကျောင်းတို့ရှိကြောင်းသိရပြီး မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၂၂၈၃၆ ဦးရှိကြောင်းသိရသည်။