လသာမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လသာ  ဇွန်  

၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို   ဇွန်လ(၁)ရက်နေ့မှစပြီး စတင်ဖွင့်လှစ်ရာ လသာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ     ယနေ့နံနက် (၉)နာရီမှစပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက် နေကြကြောင်း သိရသည်၊၊

(၅)နှစ်အရွယ်ကလေးများသည် သူငယ်တန်းတွင်လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်းတွင်လည်းကောင်း တက်ရောက်နေကြပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် ဒဿမတန်းတို့ကို သင်ရိုးသစ်နှင့် သတ္တမတန်း၊ အဋ္ဌမတန်း၊ ဒဿမတန်းတို့ကို သင်ရိုးဟောင်းဖြင့် သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်၊၊

အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသား/ကျောင်းသူများ မိဘများနှင့်   ဆရာများ၊ အထူးသတိပြုရမည့်အချက်(၆)ချက်ကိုပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ    ၎င်းတို့မှာ ကျောင်းသား(သို့မဟုတ်)၎င်း၏ အတူနေမိသားစုဝင်တစ်ဦးဦးတွင် ကိုဗစ်-၁၉ သံသယအခြေအနေဖြစ်ပေါ်နေပါက ကျောင်းသို့မလွှတ်ရန်နှင့် နီးစပ်ရာကျန်းမာရေး ဌာနသို့အမြန်ဆုံး အကြောင်းကြားရန်၊ ကျောင်းသွားကျောင်းပြန် လမ်းတစ်လျှောက်နှင့် ကျောင်း တွင်ရှိနေစဉ် ပါးစပ်နှာခေါင်းစည်းနှင်မျက်နှာအကာများ စနစ်တကျ တပ်ဆင်ရန်၊ (မတပ်ဆင် ပါ ကကျောင်း တွင်းသို့ပေးမဝင်ရန်)စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံစသည့်အသုံး အဆောင်များ မျှဝေသုံးစွဲခြင်း မပြုရန်၊ လက်ကိုစနစ်တကျဆေးရန်၊ တယောက်နှင့်တယောက်  (၆)ပေအကွာ ခပ်ခွာခွာထိုင်ရန်၊ နှာချေ၊ ချောင်းဆိုးတိုင်း၊ တစ်ရှုး(သို့မဟုတ်) တံတောင်း ဆစ်ကွေးဖြင့် ပါးစပ်နှင့် နှာခေါင်းတို့ကို ဖုံးအုပ်ရန်တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပြီးလျှင် လက်ကို စနစ်တကျဆေးရန်တို့ ဖြစ်ကြောင်းသိရသည်၊၊

လသာမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၅)ကျောင်းရှိပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၁၉)ဦးတက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)