လက်ပံတန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လက်ပံတန်း  ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်း(၂၀၇)ကျောင်းတို့၌ ကျောင်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်း (၂၀၇) ကျောင်းတို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိရာ လက်ပံတန်းမြို့နယ်တွင် အ.ထ.က(၁၂) ကျောင်း၊ အ.ထ.က-ခွဲ(၈)ကျောင်း၊ အ.လ.က(၁၀)ကျောင်း၊ အ.လ.က-ခွဲ(၄)ကျောင်း၊ မူ/လွန်(၁၂)ကျောင်း၊ အ.မ.က(၁၆၀)ကျောင်း၊ အမက-ခွဲ(၁)ကျောင်း၊ စုစုပါင်း(၂၀၇)ကျောင်းရှိ၍ ကျောင်းသားကျောင်းသူပေါင်း ၁၂၃၁၁ ဦး အပ်နှံထားရှိပြီး ဆရာ/ဆရာမ (၁၃၉၀) ဦးဖြင့် သင်ကြားပေးသွားမည် ဖြစ်​​​သည်။ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ကျောင်းပတ်ဝန်းကျင် လုံခြုံရေးများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)