မရမ်းကုန်းမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မရမ်းကုန်း ဇွန် ၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်း (၃၈) ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ ကျောင်းများတွင် စာပေသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ Maskများ၊ Face shield များတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၄)ပေအကွာ ဖြင့်တစ်ခန်းလျှင် (၃၀) ဦး သင်ကြားစေ ခြင်း စသည်ဖြင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်မိ၊ရပ်ဖများက ကျောင်းပတ်ဝန်းကျင် လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)