ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံညှိနှိုင်းဆွေးနွေး

ကျောက်ပန်းတောင်း  မေ  ၃၁

မန္တလေးတိုင်လေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံ၍ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာနှင့်ကျောင်းများ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေ ခန်းမတွင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရပ်ကွက်/ကျေးရွာအသီးအသီးရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရှင်းလင်း တင်ပြကြရာ မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်က ပြန်လည်ရှင်းလင်းညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာများနှင့် ကျောင်းများအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်၊ အဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကိုတို့က ရှင်းလင်းဆွေးနွေးပြီး တင်ပြချက်များအပေါ်ပြန်လည်ညှိ နှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)