မိုင်းပန် မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အ.လ.က(ခွဲ) မွေတော်ကျောင်း အတွင်းရှိ နန်းယီဆိုင်ကော်ခန်းမအတွင်းတွင် မေလ ၂၇ ရက်နေ့ နံနက် ၁ဝ နာရီက ၂၀၂၁-၂၀၂၂ ပညာသင် နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မိုင်းပန်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟန်ဇော်မြင့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးထား သော ပုံနိုပ်စာအုပ်၊ ဗလာစာအုပ်နှင့် Mask၊ Faceshield တို့အား တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၂၇) ကျောင်းရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ (၂၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ စာသင်ကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းနှင့် မေလ (၂၆) ရက်နေ့အထိ ကျောင်းအပ်နှံပြီးသူစာရင်း များအရ မြို့နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၃ဝဝ) ဦး လာရောက်အပ်နှံထားပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)