မေ ၃၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ကျောင်းအပ်နှံရေး အခမ်းအနားကို ကဘဲ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူရရှိစေရေး၊ ကျောင်းနေနှုန်းမြှင့်မားလာရေး၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရေးနှင့်ညကျောင်းတက်ရမည့်ကျောင်းသာလူငယ်များကျောင်းသို့ရောက်ရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် COVID -19 ကာကွယ်ရေး ပစ္စည်းများဖြစ်သော နှားခေါင်းစည်းနှင် မျက်နှာအကာအကွယ်ပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ် ကြီးများထံ ပေးအပ်ခဲ့သည်။
(မြို့နယ် ပြန်/ဆက်)