လှည်းကူးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်

လှည်းကူး မေ ၃၁ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁ဝ)နာရီက ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်မိရပ်ဖများ၊ နယ်မြေခံ တပ်မတော်သားများ ပူးပေါင်း၍ လှည်းကူးမြို့နယ်၊ ချောင်းရိုးအုပ်စု၊ အ.မ.က မုဆိုးညောင်ပင်ကျောင်း၌ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို covid19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီ ရပ်ဆိုင်းထားရှိရာမှ ယခုအခါ ဇွန်လတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်အတွင်းအပြင် သန့်ရှင်းရေး ပြုလုပ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ သင်းမြတ်သော်(လှည်းကူး)