ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

တောင်ကြီး       မေ     ၃၁ 

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပ သည်။ 

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသင်းက (၅-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ ပူးတွဲတတိယဆုရရှိသော လင်းခေးခရိုင်အသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် (၅) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်မြင့်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ   ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု (၈) သိန်းကျပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် ဂိုးအကောင်းဆုံး၊ နောက်တန်းအကောင်းဆုံး၊ အလယ်တန်းအကောင်းဆုံး၊ ရှေ့တန်းအကောင်းဆုံး ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁) သိန်းစီတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော ပအိုဝ်းကိုယ်ချုပ်ခွင့်ရဒေသ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်နှင့် ငွေသားကျပ် (၁၀) သိန်းနှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးကြောင်း သိရသည်။ 

မောင်မောင်သန်း (တောင်ကြီး)