မိုင်းယု မေ ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ပဲ လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့မှ မေလဆန်းပိုင်းကစတင်ကာ ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များက နှာခေါင်းစည်းမတပ်ဘဲ သွားလာကြသည့် ကုန်တင်ယာဉ်နှင့် လိုင်းကားမောင်းနှင်သူများ၊ ဈေးရောင်း၊ဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း (Mask)မတပ်သူတို့အား ပညာပေးစနစ်မှ အခုဝယ်အခုတပ်စနစ်၊ အခုဝယ်အခုတပ်စနစ်မှ ဒဏ်ကြေးပေးစနစ်သို့ တဖြေးဖြေးတိုးမြှင့်ကာ အထူးသတိပေးခြင်းများကို ရက်သတ္တပတ်လျှင် နှစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး ဒေသတွင်းရှိ ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များ၊ ဈေးဆိုင်နှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတိပေးကာလအတွင်း လိုက်နာဆောင်ရွက်ထားမှုမရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကိုကိုနိုင်(မိုင်းယု)