အလုံ မေ ၃၀
မိုရာသီတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးရဲထက်ဦးမှ ဦးဆောင်ကြီးကြပ်ကာ စည်ပင်သာယာ ဝန်ထမ်းများသည် အလုံလမ်းတလျှောက်ရှိ ရေမြောင်းများမှ အမှိုက်များ၊ နုံးမြေများ ဆယ်ယူခြင်း၊ လူသွားလမ်းမှ ရေးမြောင်းအတွင်းသို့ ရေစီးသော ရေဆင်းမြောင်းများမှ မြောင်းချေးများ၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ နေ့စဉ်သတ်မှတ် နေရာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွက်သစ်ဝေ