မန္တလေး မေ ၃၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၃၀ရက်နေ့ နံနက် ၉နာရီက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း ရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချမ်းအေးသာစံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ်တာဝန်ခံ ပညာရေးမှူး ဒေါ်ခင်ငြိမ်းငြိမ်းမှ ကျောင်း အပ်နှံရေးအစီရင်ခံစာအား ဖတ်ကြားတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အခမဲ့ဖြန့်ဝေသည့် ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အေးလင်းထွန်းက အထက်တန်း၊ အလယ်တန်း ကျောင်းသုံး ပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ဖေက မူလတန်းကျောင်းသုံး ပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအေးလင်းထွန်း၊ ဦးဇော်ဖေ၊ တာဝန်ခံမြို့နယ် ပညာရေးမှူး ဒေါ်ခင်ငြိမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
တင်လင်းထက်