ရန်ကုန် မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်တိုင်းကြက်ခြေနီ ဂရုဏာ ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲ၌ အောက်ဆီဂျင်အိုး၊ ဆေးအိတ်များနှင့် အလှူငွေများ လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနား၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူးတတိယတန်း ဦးထွန်းအေးနှင့် JIN HEUNG SHIPPING Co-LTD မိတ်ဆွေများမှ တိုင်းကြက်ခြေနီအတွက် အလှူငွေကျပ်တစ်သိန်း၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီ တပ်ဖွဲ့အတွက် အောက်စီဂျင်အိုးကြီးတစ်လုံးနှင့် အလှူငွေကျပ်ငါးသောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့အတွက် အောက်ဆီဂျင်အိုးကြီးတစ်လုံးနှင့် အလှူငွေကျပ် ငါးသောင်းတို့နှင့် အခြားမြို့နယ်များသို့ ဆေးအိတ်နှင့် ယူနီဖောင်းများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် သက်ဆိုင်ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တာဝန်ခံများက လက်ခံခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)