မိုးနဲ မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့ မြေတိုင်းတာရေး စီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက်အမှတ် (၁၃)တွင် မြေယာပိုင်ဆိုင်မှုစာရင်း ကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရမ်ပဥ္စမ အကြိမ်မြောက် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ကျင်းပပြလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင် ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော် က အဖွင့်အမှာစကား ပြောကြားပြီး နှစ်(၃၀) နှစ်ရှည်မြေငှား ဂရမ်ကတ် (၂၀)ကတ်ကို ဒုတိယခရိုင်အုပ်အုပ်ချုပ်ရေးမှူး ၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းညွန့်ဦး နှင့်တာဝန်ရှိသူများက မြေယာပိုင်ဆိုင်သူ အိမ်ထောင်ဦးစီးများ၏ လက်ဝယ်အရောက် တစ်ဦးချင်းစီ ပေးအပ်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။
အဆိုပါ နှစ်(၃၀) နှစ်ရှည်မြေငှားဂရမ်များကို မြေငှားဂရမ်လျှောက်ထားသူများ၏ မြေပြင်တည်ရှိမှု အခြေအနေ ၊ မြေရာဇဝင်မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပြည်စုံကိုက်ညီမှုရှိသောမြေယာများကို ပဉ္စမအကြိမ်မြောက်အဖြစ် မြေငှားဂရမ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း နှင့်ယနေ့အထိ စီမံချက် ဖြင့် ဆောက်ရွက်ပေးခဲ့ သော နှစ်ရှည်မြေငှားဂရမ်ကတ် စုစုပေါင်း ၁၀၄ ကတ်ကိုဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)