မိုင်းဖြတ် မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့် ဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စျေးတန်းရပ်ကွက်မှ မသန်စွမ်း(ထပ်ထိုး) ၆ ဦး၊ ဝမ်မိုင်ရပ်ကွက်မှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၇)ဦးတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဆီ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မြို့နယ်အတွင်း ကျန်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)