ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား

ပြည်ကြီးတံခွန်  မေ  ၃၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်ပညာရေးတာဝန်ခံ ဒေါက်တာအောင်သက်ဆွေ မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/ သူကလေးများအား နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့်  ပုံနှိပ်စာအုပ်၊ ဘောပင်၊ခဲတံ၊ Maskနှင့် Faceshield များအား တာဝန်ရှိသူများက ပေးအပ်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးသသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး ပြည်ကြီး တံခွန်မြို့နယ်တွင် အထက်တန်းကျောင်း(၄) ကျောင်း၊အထက်တန်းကျောင်ခွဲ(၅)ကျောင်း၊ အလယ်တန်း (၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃)ကျောင်းနှင့် မူလတန်းကျောင်း (၆) ကျောင်း ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း  (၂၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းပေါင်း (၁၅)ကျောင်း ရှိကြောင်း သိရသည်။

သန်းဇော်မင်း