ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မော်ပီဆရာသိန်း စာကြည့်တိုက်နှင့် ကောင်းသန့်စာကြည့်တိုက်များသို့ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က သုတ/ရသ စာအုပ်များလှူဒါန်း

ရန်ကုန် မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူများ စာပေဗဟုသုတ များစွာရရှိစေရန် ရည်ရွယ်၍ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မော်ပီဆရာသိန်း စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မော်ပီဆရာသိန်း စာကြည့်တိုက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က စာအုပ်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ငွေကျပ် (၁၃၅၀၀၀)တန်ဖိုးရှိ စာအုပ်(၅၂)အုပ်ကို လှူဒါန်းရာ  မြို့နယ်စာကြည့်တိုက်များ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ၊ မော်ပီဆရာသိန်း စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးနေလင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ အနော်ရထာရပ်ကွက်ရှိ ကောင်းသန့် စာကြည့်တိုက်သို့ သွားရောက်၍ ငွေကျပ်(၁၃၅၀၀၀)တန်ဖိုးရှိ စာအုပ်(၅၂)အုပ်ကို လှူဒါန်းရာ ကောင်းသန့်စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။

စာအုပ်လှူဒါန်းရာသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စာအုပ်လှူဒါန်း ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)