ပေါက်တော မေ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ၂၅.၅.၂၀၂၁ရက်နေ့ တိုက်ခိုက်ခဲ့သည့်လေမုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ယနေ့နံနက်(၁၁) နာရီက ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှုး ဦးမျိုးနိုင်သင်းမှ ပေါက်တောမြို့နယ်ဆင်တက်မော်အုပ်စု၊ ဘော်ဒလီပိုက်ဆိပ်ကျေးရွာ (မူဆလင်)မှ အိမ်ထောင်စု-၃-စု၊ ဂြင်းချောင်းအုပ်စု သဲခုံကျေးရွာမှအိမ်ထောင်စု-၇-စု၊ မြင့်ဂါအုပ်စု ရီပဒေကျေးရွာမှအိမ်ထောင်စု-၂-စုတို့အတွက် အိမ်အသုံးဆောင်ပစ္စည်း(၁၇)မျိုး ကာလတန်ဖိုး ၁၁၂၅၀၀၀(ငွေကျပ်တစ်ဆယ်တစ်သိန်းနှစ်သောင်းငါးထောင်) တန်ဖိုးရှိ ပစ္စည်းများကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးဦးကျော်ဝင်းမှတဆင့်လက်ခံရယူပြီး၊ လေဘေးသင့်ပြည်သူများအား အသီးသီးခွဲဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သန်း(ပြန်/ဆက်)