တာချီလိတ် မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် −၁၉ ကြိုတင်ကာကွယ်ရေးအတွက် တပ်မတော်ဆေးတပ်စုမှ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်ဆေးတပ်စုအမှတ်(၃/၁၂)မှဗိုလ်ကြီးကျော်မြတ်ဇံနှင့် အဖွဲ့သည်ကျောင်းဖွင့်ချိန်အမီ အခြေခံပညာကျောင်းများတွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးအတွက် တာချီလိတ် အထက၊ ဆန်ဆိုင်း အထက၊ ဟောင်လိတ် အထက၊ရန်အောင်မြေ (ထ-ခွဲ)၊ပုန်းထွန်(လ-ခွဲ)၊ တာလော့ အလက စသည့်အခြေခံပညာကျောင်း ၆ ကျောင်းကို ပိုးသတ်ဆေးဖြန်းခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။
အခြေခံပညာကျောင်းများကို ဇွန်လ တစ်ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ပြီး အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ် ကြိုတင်ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး